အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ အသစ်ဖြစ်ပွားခဲ့တဲ့ လူမျိုးစုဆိုင်ရာ အကြမ်းဖက်မှုအတွင်း လူ ၃ ဦး သေဆုံးကာ မော်တော်ယာဉ်အချို့ ပျက်စီးသွားပါတယ်။
ဒီပြည်နယ်ရဲ့ ဘစ်ရှ်နပ်ပါခရိုင်မှာ သြဂုတ် ၃ ရက်ညနေပိုင်းက မေတီ လူမျိုးစုဝင် ၃ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက အတည်ပြုပါတယ်။
ဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူတွေရဲ့ ဆွေမျိုးတွေက ဝမ်းနည်းပူဆွေးနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မေလက စလို့ ပြင်းထန်တဲ့ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှုအတွင်း လူ ပေါင်း ၁၈၀ကျော်အထိ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
နောက်ဆုံး သတ်ဖြတ်မှုနဲ့ ပက်သက်ပြီး ကူကီး လူမျိုးစုဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ချက်ချင်းမှတ်ချက် မပေးနိုင်သေးဘူးလို့ ပြောပါတယ်။
မဏိပူရပြည်နယ်ရဲ့ အစိုးရဝန်ထမ်း အလုပ်အကိုင်နဲ့ ပညာရေးကဏ္ဍမှာ လူအများစုဖြစ်တဲ့ မေတီအသိုင်းအဝိုင်းရဲ့ စီပွားရေးဆိုင်ရာ အထူးခံစားခွင့်နဲ့ ခွဲတမ်းအပေါ် တိုးမြှင့်ပေးဖို့အတွက် တရားရုံးတစ်ခုက ပြည်နယ်အစိုးရကို အမိန့်ချမှတ်ခဲ့ပြီးနောက် မေလ ၃ ရက်နေ့မှာ အကြမ်း ဖက်မှုတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကူကီးလူမျိုးစုအတွက်ပါ အထူးခံစားခွင့်နဲ့ သီးသန့်ခွဲတမ်းချပေးထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
Source-Reuters