အမေရိကန်နိုင်ငံရဲ့ မက်ဂါ မီလီယံစ် အမည်ရ ထီဆုကြီးရဲ့ အမြင့်ဆုံး ဆုကြေးက ခန့်မှန်းခြေ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံအထိ ရောက်ရှိနေပြီလို့ သိရပါတယ်။
ဒီ ထီဆုကြီးရဲ့ ပေါက်နိုင်ခြေဟာ သန်းပေါင်း ၃၀၀ မှာ တပုံသာ ရှိတာကြောင့် ထီလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြပြီ ဖြစ်ပါတယ်။
အမြင့်ဆုံးဆုကြေးဟာ ငွေသားနဲ့ဆိုရင် ဒေါ်လာ ၆၂၅ ဒသမ ၃ သန်းအထိ တန်ကြေးရှိတယ်လို့ သိရ ပါတယ်။
ဒါ ဟာ ၂၀၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ထီဆုကြီးရဲ့ သမိုင်းတလျှောက် စတုတ္ထမြောက် ပမာဏအများဆုံး ဆုကြေးလည်းဖြစ်ပါတယ်။
သြဂုတ် ၅ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီမှာ ရွေးချယ်သွားမယ့် ထီလက်မှတ်ရဲ့ ၂ လုံးတွဲ ဂဏန်း ၆ စုံအထိ အားလုံးတူညီမှသာ အမြင့်ဆုံးဆုကြေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
သြဂုတ် ၁ ရက်က နောက်ဆုံးဖွင့်လှစ်ခဲ့တဲ့ ထီလက်မှတ်ရဲ့ ဂဏန်း ၆ စုံမှာတော့ ၅ စုံအထိ နံပါတ်တူညီတဲ့ လက်မှတ် ၇ စောင် ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းစီပဲ ရရှိခဲ့ကြပါတယ်။
အမြင့်ဆုံးဆုကြေးရရှိနိုင်မယ့် ထီလက်မှတ်ရဲ့ ဂဏန်း ၆ စုံလုံးနဲ့ ကိုက်ညီခဲ့တာမျိုး မရှိသေးဘူး လို့ ဆိုပါတယ်။
မက်ဂါ မီလီယံစ် ထီဆုကြီးရဲ့ အမြင့်ဆုံးဆုကြေးကို ပြီးခဲ့တဲ့ဧပြီလတုန်းက နယူးယောက်မြို့မှာ နေထိုင်သူတယောက်က နောက်ဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့တာပါ။
ဒီ ထီဟာ အပတ်စဉ် အင်္ဂါနေ့နဲ့ သောကြာနေ့တိုင်းမှာ ဆုရွေးချယ်မှုတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။
Source-Reuters