ဂျပန်နိုင်ငံ တောင်ပိုင်းရှိ အိုကီနာဝါ ဒေသမှာ သြဂုတ် ၅ ရက်က တိုင်ဖွန်းမုန်တိုင်း ခါနန်း တကျော့ပြန် ဝင်ရောက်နိုင်ဖွယ်ရှိနေပါတယ်။
အဲဒီဒေသရဲ့ ကျွန်းတွေပေါ်မှာ မုန်တိုင်းဝင်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်း တိုက်ခတ်နေတယ်လို့ သိရပါတယ်။
ဒီတပတ် အစောပိုင်းတုန်းက အိုကီနာဝါ ဒေသကို တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းစဉ်အတွင်း လူ ၂ ယောက် သေဆုံးကာ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီ မုန်တိုင်းဟာ "ဂ-ငယ်ကွေ့" ပြန်ကွေ့လာပြီးနောက် သြဂုတ် ၆ ရက်မှာ အိုကီနာဝါ စီရင်စု မြောက်ပိုင်းက အာမာမီ ကျွန်းအနီးကို ရောက်လာနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။
အဲဒီနောက် ဂျပန်တောင်ပိုင်းက ကျူရှူ ဒေသရှိရာ မြောက်ဘက်ကို မုန်တိုင်းဦးတည်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အိုကီနာဝါ စီရင်စုရဲ့ အိမ်ခြေ ပေါင်း ၅၃,၀၀၀ နီးပါးမှာ လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ ဒေသဆိုင်ရာ လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုဌာနက အတည်ပြုပါတယ်။
Source-Reuters