Home
အားကစား
ယူ-၂၃ အာဆီယံဖလားတွင် မြန်မာအသင်း ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့နှင့်တွေ့
DVB
·
August 5, 2023
365394379_212236745121054_7983687242331462498_n

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၄ ကြိမ်မြောက် "AFF U23 Championship 2023" ပြိုင်ပွဲအုပ်စုအုပ်စုမဲခွဲရာမှာ မြန်မာယူ-၂၃ လက်ရွေးစင်အသင်းဟာ အုပ်စု က မှာ အိမ်ရှင်ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့နဲ့တွေ့ဆုံနေပါတယ်။

ယူ-၂၃ အာဆီယံဖလားပြိုင်ပွဲကို သြဂုတ် ၁၇ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အသင်း ၁၀ သင်းနဲ့ အုပ်စု ၃ ခုခွဲပြီး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မြန်မာအသင်းက ထိုင်းအသင်းနဲ့ သြဂုတ် ၁၇ ရက်၊ ကမ္ဘောဒီယားအသင်းနဲ့ သြဂုတ် ၁၉ ရက်နဲ့ ဘရူနိုင်းအသင်းနဲ့ သြဂုတ် ၂၁ ရက်နေ့တို့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ယူ-၂၃ အာဆီယံဖလားပြိုင်ပွဲ အုပ်စု ၃ ခုမှာ ပထမရတဲ့အသင်း ၃ သင်းအပြင် အကောင်းဆုံး ဒုတိယရတဲ့အသင်းပါ ဆီးမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အုပ်စုမဲခွဲမှုအရ အုပ်စု က မှာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဘရူနိုင်း၊ အုပ်စု ခ မှာ မလေးရှား၊ အင်ဒိုနီးရှား၊ တီမော၊ အုပ်စု ဂ မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို တို့ အသီးသီးတွေ့ဆုံနေပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ ၂၀၂၂ အာဆီယံဖလားပြိုင်ပွဲမှာ ကိုဗစ်ကူးစက်ဖြစ်ပွားနေတာကြောင့် နုတ်ထွက်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ စတင်ခဲ့တဲ့ ယူ-၂၃ အာဆီယံပြိုင်ပွဲကို ထိုင်း၊ အင်ဒို၊ ဗီယက်နမ်တို့က ၁ ​ကြိမ်စီ ဗိုလ်စွဲထားပြီး မြန်မာအသင်းကတော့ အမြင့်ဆုံးအောင်မြင်မှုအဖြစ် တတိယ တကြိမ် ရရှိထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024