ကျူးဘားဗဟိုဘဏ်ဟာ အစိုးရနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို ATM ငွေထုတ်စက်တွေ အသုံးပြုမှု တားမြစ်တာနဲ့ သူတို့အကြား ငွေသားလွှဲပြောင်းမှုတွေကို ကန့်သတ်ခြင်းဆိုင်ရာ စည်းမျဉ်းတွေကို အခုသီတင်းပတ်အတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစည်းမျဉ်းတွေဟာ သြဂုတ်လ ၃ ရက်မှာ စပြီးအသက်ဝင်ခဲ့ပါတယ်။ ငွေသားအလွှဲအပြောင်းကို ပီဆို ၅၀၀၀ နဲ့ ပမာဏ ကန့်သတ်ထားပြီး ၆ လ အတွင်း ဖြည်းဖြည်းချင်း အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း တရားဝင်မီဒီယာကနေ ပြောကြားခဲ့ပါတယ်။
ကျူးဘားနိုင်ငံမှာ ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်းကြားမှာ လိုက်မမီအောင် မြင့်တက်နေတဲ့ ငွေကြေးဖောင်းပွမှုနဲ့ စာရင်းပျောက် အင်းပျောက်နေတဲ့ စီးပွားရေးကို ထိန်းညှိနိုင်ဖို့ ကြိုးပမ်းနေရတာကြောင့်လို့ ဆိုပါတယ်။
ကွန်မြူနစ်အာဏာပိုင်တွေဟာ ငွေကြေးဖောင်းပွမှုကို အခုနှစ်အထိ ၄၅ ရာခိုင်နှုန်းမှာ ရှိနေဖို့ ကြိုးစားထိန်းချုပ်နေတာပါ။
နိုင်ငံမှာ ဘဏ်လုပ်ငန်းကို မြှင့်တင်မယ့် အစီအမံတွေကို ဆက်တိုက်လုပ်ဆောင်ခြင်းအားဖြင့် ပီဆိုတန်ဖိုးကျဆင်းမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး "အီလက်ထရွန်းနစ် ငွေပေးချေမှုတွေ" ကိုအသုံးပြုဖို့ အားပေးနေကြောင်း ကြာသပတေးနေ့က တရားဝင် မီဒီယာတွေမှာ ထုတ်ပြန်တဲ့ ကြေညာပါတယ်။ ပ
ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးဟာ အခုနှစ် ပထမနှစ်ဝက်မှာ ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပေမဲ့ ၂၀၁၉ ခုနှစ်မှာ ကပ်ရောဂါမတိုင်ခင် အဆင့်အောက် ၈ ရာခိုင်နှုန်း ကျန်ရစ်ခဲ့တာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီနဲ့ တခြားအခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်မှု ဖြစ်ပေါ်လာခဲ့ပြီး အဲဒီပစ္စည်းတွေ ရလာရင်လည်း တန်းအရှည်ကြီး စီပြီးမှ ဝယ်နေရတာ ဖြစ်ပါတယ်။
Source-Reuters