နိုင်ဂျာနဲ့ ပြင်သစ် နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေကို သြဂုတ် ၃ ရက်RsM အာဏာသိမ်းစစ်တပ်က ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့အပတ်က နိုင်ဂျာသမ္မတ မိုဟာမတ် ဘဇွန်း(မ်)ကို ဖြုတ်ချခဲ့ပြီးနောက် ဒေသတွင်းမှာ ဒီဆုံးဖြတ်ချက်ကြောင့် အစ္စလာမ္မစ်သောင်းကျန်းသူတွေနဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ဘာကီနာဖာဆိုနဲ့ မာလီ တို့လိုမျိုး နိုင်ဂျာနိုင်ငံမှာ စစ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ရာ ပြင်သစ်ဆန့်ကျင်ရေး ခံယူချက်လှိုင်းတွေပါ မြင့်တက်လာခဲ့ပါတယ်။
ကိုလိုနီနိုင်ငံဟောင်းဖြစ်တဲ့ ပြင်သစ်ဟာ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတယ် ဆိုပြီး နိုင်ဂျာပြည်သူတွေဘက်က စွပ်စွဲထားပါတယ်။
ဒါ့အပြင် အယ်လ်ကိုင်ဒါ နဲ့ အစ္စလာမ္မစ်နိုင်ငံတော် လိုမျိုး အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ သောင်းကျန်းမှုတွေကို တိုက်ဖျက်နိုင်ဖို့အတွက် နိုင်ဂျာနိုင်ငံမှာ ပြင်သစ်တပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ကနေ ၁၅၀ဝ ကြားအထိ ရှိပါတယ်။
ဒီလို အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့တွေ ကြောင့် အနောက်အာဖရိကရဲ့ ဆာဟယ်ဒေသမှာ မတည်မငြိမ် ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
၁၉၇၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံနဲ့ သဘောတူညီထားတဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၅ ခုကို ဖျက်သိမ်း ပစ်ဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒီ ကြေညာချက်နဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ နှောင်းပိုင်းက နိုင်ငံပိုင် ရုပ်သံမှာ စစ်အစိုးရကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ အမာဒူ အပ်(ဘ်)ဒရာမာနေးက ဖတ်ကြားခဲ့ပါတယ်။
Source-Reuters