ဟေတီနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ အမေရိကန်သူနာပြုဆရာမ အဲလစ်ခ်စ် ဒေါရ်စိန်းဗီးလ်ကို ပြန်လွှတ်ပေးဖို့ ကျောင်းသားတွေ၊ ကလေးမိဘတွေနဲ့ ကျောင်းဆရာတွေက သြဂုတ် ၃ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။
အယ်လ်ရွိုင် အဖွဲ့အစည်းရဲ့ ကျောင်းအဖွဲ့ဝင် အများအပြားဟာ သူနာပြု ဒေါရ်စိန်းဗီးလ်ကို ပြန်လွှတ်ပေးဖို့ သူ့ကိုဖမ်းခေါ်သွားရာ အယ်လ်ရွိုင်ကျောင်းဝင်းထဲမှာပဲ တောင်းဆိုခဲ့ကြတာပါ။
ဒေသခံအများအပြားဟာ အယ်လ်ရွိုင်အဖွဲ့အစည်းကတဆင့် အစားအသောက်၊ ဆေးဝါးကုသမှုနဲ့ တခြားပံ့ပိုးကူညီမှုတွေကို ရရှိနေကြတာဖြစ်ပြီး ခုလို ပြန်ပေးဆွဲခံရမှုကြောင့် ကျောင်းပိတ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အဲလစ်ခ်စ် ဒေါရ်စိန်းဗီးလ် ပြန်ပေးဆွဲခံရတာ ၈ ရက်ရှိသွားပြီဖြစ်ပြီး သူတို့ရပ်ရွာ လူမှုအသိုင်းအဝိုင်းကို တကယ်ထိခိုက်စေတယ်လို့ အယ်လ်ရွိုင်ကျောင်းမှ ကျောင်းသား ယွန်းန် မိရှာ့ဒ် ဗျူက ပြောပါတယ်။
အဲဒါကြောင့် လူအတော်များများ ဒုက္ခရောက်နေကြပြီး ရက်ချိန်းယူထားကြတဲ့ လူနာတွေ ဒုက္ခရောက်နေရတယ်လို့လည်း ဆိုပါတယ်။
အယ်လ်ရွိုင် နွေရာသီစခန်းဒါရိုက်တာ၊ ဖှာကျူးန် ရိုလက်ဖှ်ကလည်း သူတို့ရပ်ရွာကို ဆက်လက်ကူညီနိုင်ဖို့ ဆရာမ အဲလစ်ခ်စ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြန်ပေးဆွဲသွားတဲ့ အဖွဲ့အစည်းကို ရည်ညွှန်းတောင်းဆိုခဲ့ပါတယ်။
ယုံကြည်ခြင်းအခြေပြု လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းရဲ့ ဒါရိုက်တာ အယ်လ်ရွိုင်ဟေတီရဲ့ ဇနီးဖြစ်သူ ဒေါရ်စိန်းဗီးလ်ဟာ ဇူလိုင် ၂၇ ရက်က ပေါ်-အော်-ပရင့်စ်မှာ သူ့ကလေးနဲ့အတူ ပြန်ပေးဆွဲခံခဲ့ရတာပါ။
ဒီအမှုကို သမ္မတ ဂျိုးဘိုင်ဒင်ဆီ အကျဉ်းချုံးတင်ပြထားပြီး ဝါရှင်တန်က သူနာပြုဆရာမ အဲလစ်ခ်စ် ဒေါရ်စိန်းဗီးလ်တို့ သားအမိ ပြန်လည်လွတ်မြောက်လာရေးအတွက် လုပ်ဆောင်နေတယ်လို့ အိမ်ဖြူတော်က သြဂုတ် ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source - Reuters