တောင်ကိုရီးယားနိုင်ငံတဝန်း အခုသီတင်းပတ်အတွင်း အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
ဩဂုတ် ၃ ရက်က အပူရှိန်ပြ သာမယ်လ်ကင်မရာဟာ ဆိုးလ်မြို့ရဲ့ အထင်ကရနေရာတွေမှာ ပူပြင်းလောင်မြိုက်တဲ့ အနီရောင်ပုံရိပ်တွေကို ဖမ်းယူထားပြီး အရာဝတ္ထုတွေ ဘယ်လောက်ပူတယ် အေးတယ် ဆိုတာကို အရောင်တွေ ပိုနီလေ၊ အပူချိန် ပိုမြင့်လေလေဆိုပြီး အပူရှိန်ပြ သာမယ်လ်ကင်မရာရဲ့ စခရင်မှာ ပေါ်တာ ဖြစ်ပါတယ်။
အနီရောင်ရဲ့သဘောက ပူလောင် တက်ကြွတယ်ဆိုပေမဲ့ ဒီကင်မရာပေါ်မှာတော့ အနီရောင်က လူတွေကို လောင်ကျွမ်းသွားတော့မလို ထင်ရကြောင်း အသက် ၇၈ နှစ်အရွယ် တောင်ကိုရီးယားဒေသခံ လီဆိုယွန်းက ပြောပါတယ်။
ဒါကြောင့် မီးကြောင့်သာမက ဒီနေ့လို နေရောင်ခြည်ကြောင့်လည်း လောင်ကျွမ်းခံရနိုင်တယ်လို့ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
အသက် ၁၂ နှစ်အရွယ် ကျောင်းသား ရှင်းဆောယွန်းကလည်း နေပူတဲ့နေ့တွေမှာ တခြားနေရာတွေမှာ တပ်ထားတဲ့ သာမယ်လ်ကင်မရာတွေမှာ များသောအားဖြင့် လိမ္မော်ရောင်တွေ တွေ့ရပေမဲ့ ဒီနေ့တော့ သာမယ်လ်ကင်မရာတွေ တပ်ထားတဲ့ နေရာတိုင်းမှာ အနီရောင်တွေ မြင်နေရလို့ အပူချိန်က တကယ်မြင့်နေတယ်ဆိုတာ ခံစားရတယ်လို့လည်း ပြောပြပါတယ်။
တောင်ကိုရီးယားဟာ သူ့ရဲ့ အဆင့် ၄ ဆင့် အပူရှိန်သတိပေးချက်ကို သြဂုတ် ၁ ရက် ညနေ ၆ နာရီအထိ အမြင့်ဆုံးအထိ မြှင့်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ကတည်းက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အခုနှစ်မှာ အပူဒဏ်ကြောင့် တနိုင်ငံလုံးမှာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။
Source - Reuters