Home
မြန်မာသတင်း
ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
August 4, 2023
Ka Lay
Ka Lay
Screenshot 2023-08-04 121405

စစ်ကိုင်းတိုင်း၊ ကလေးမြို့‌၊ တောင်ဖီလာရပ်ကွက်၊ အထက ၂ စာသင်ကျောင်းရှေ့မှာ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဩဂုတ် ၃ ရက် မနက်ပိုင်းက ဂေါက်ကွင်းလမ်း အ.ထ.က (၂) စာသင်ကျောင်းရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅ ယောက် ဝန်းကျင်ကို ကလေးမြို့ပြစစ်ဆင်ရေး Operation Mo Mo အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ကလေးမြို့ တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တဦးက “မိုမိုအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာ။ ကျနော်တို့ဘက်က မိုင်းခွဲတော့ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့သေးတယ်။ ပစ်ခတ်မှုအတွင်းမှာ ကျောင်းနားက အမျိုးသမီးတယောက် ကျည်ထိမှန်ဒဏ်ရာ ရတယ်လို့ ကြားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီမိုင်းခွဲတိုက်ခိုက်မှုအတွင်းမှာ မိမိတို့တပ်ဖွဲ့ဘက်က ထိခိုက်မှုတစုံတရာမရှိခဲ့ဘဲ ရှောင်တိမ်းနိုင်ခဲ့တယ်လို့ ဆိုထားပြီး စစ်ကောင်စီဘက်က ကျန်ရှိတဲ့ တပ်သား‌တွေက သေဆုံးသွားတဲ့ တပ်သား ၁ ဦးနဲ့ ဒဏ်ရာရ တပ်သား ၂ ဦးကို ကားပေါ်ကို တင်ဆောင်သွားပြီး မြို့တွင်းကို ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ပစ်ခတ်မှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024