တောင်ကိုရီးယားနိုင်ငံမှာ ခြစ်ခြစ်တောက်ပူပြင်းတဲ့ အပူချိန်ကြောင့် ကမ္ဘာ့ကင်းထောက်များ စုဝေးပွဲမှာ ပါဝင်သူ အယောက် ၄၀၀ ကျော် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခဲ့ကြလို့ ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို သြဂုတ် ၂ ရက်က စေလွှတ်ခဲ့ရပါတယ်။
၂၅ ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်စုဝေးပွဲကို တောင်ကိုရီးယား အာဏာပိုင်တွေက နိုင်ငံအနောက်ပိုင်း ဘူအန်မြို့နယ်မှာ သြဂုတ် ၁ ရက်က စတင်ခဲ့တာပါ။
ပြင်းထန်တဲ့ အပူချိန်အောက်မှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တာပါ။ နိုင်ငံ အစိတ်အပိုင်းတွေမှာ အခုသီတင်းပတ်အတွင်း အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ကျော်နေပြီး အပူကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ တရားဝင် အချက်အလက်တွေက ဆိုပါတယ်။
ဩဂုတ် ၁၂ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ကင်းထောက်စုဝေးပွဲမှာ ကမ္ဘာတဝန်းက ကင်းထောက်ဦးရေ ၄၃,၀၀၀ လောက် ပါဝင်ဆင်နွှဲဖို့ မျှော်လင့်ထားပါတယ်။
ဒီပွဲကို ဘူအန်မြို့က ဆယ်မန်ဂန် ပင်လယ်တံတိုင်း စီမံကိန်းနယ်မြေထဲမှာ ကျင်းပခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို သမ္မတ ယွန်းဆွတ်ခ်ယိုး တက်ရောက်ခဲ့ပါတယ်။
Source - Reuters