လီဗာပူး ကစားသမားဟောင်း ချိန်ဘာလိန်ဟာ တူရကီကလပ် ဘီဆစ်တက်အသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ ဗြိတိသျှ မီဒီယာတွေမှာ ခန့်မှန်းဖော်ပြနေပါတယ်။
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်သမားရဲ့ စာချုပ်သက်တမ်းဟာ အခုနွေရာသီမှာ သက်တမ်းကုန်တာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။
ချိန်ဘာလိန်ဟာ ၂၀၁၇ မှာ အာဆင်နယ်ကနေ လီဗာပူးကို ပြောင်းရွှေ့ခဲ့ပြီး အန်ဖီးကလပ်အတွက် ၁၄၆ ပွဲမှာ ၁၈ ဂိုး သွင်းယူပေးထားပါတယ်။
ကွင်းလယ်သမားဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃၅ ပွဲ ကစားပေးထားပါတယ်။
သူ့ကို စိတ်၀င်စားတဲ့အသင်းတွေထဲမှာ ဆော်ဒီပရိုလိဂ်က အသင်းတွေလည်း ပါ၀င်နေပါတယ်။