အာဏာသိမ်းစစ်ကောင်စီက သြဂုတ် ၃ ရက်နေ့ ညမှာ ပြည်ထောင်စုအစိုးအဖွဲ့ကို စစ်ဘက်အရပ်ဘက်လူပုဂ္ဂိုလ် ၃၂ ဦးနဲ့ ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်။
အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် ၅ ဦးမှာ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း (ကာကွယ်ရေးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဦးဝင်းရှိန် (စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန)၊ ဦးသန်းဆွေ (နိုင်ငံခြားရေးဝန်ကြီးဌာန) တို့ပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် (ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၁)၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (နယ်စပ်ရေးရာဝန်ကြီးဌာန)၊ ဦးကိုကိုလှိုင် ပြည်ထောင်စုအစိုးရဖွဲ့ရုံး(၂)၊ ဒေါက်တာကံဇော် (ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာသီတာဦး (ဥပဒေရေးရာဝန်ကြီးဌာန)၊ ဦးမောင်မောင်အုန်း (ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးတင်ဦးလွင် (သာသနာရေးနှင့်ယဥ်ကျေးမှု ဝန်ကြီးဌာန)၊ ဦးမင်းနောင် (စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးလှမိုး (သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန) တို့ ဖြစ်ပါတယ်။
ဦခင်မောင်ရီ (သယံဇာတနှင့်သဘာဝပါတ်ဝန်းကျင်ထန်းသိမ်းရေးဝန်ကြီးဌာန)၊ ဦးဉာဏ်ထွန်း (လျှပ်စပ်စွမ်းအားဝန်ကြီးဌာန)၊ ဦးကိုကိုလွင် (စွမ်းအင်ဝန်ကြီးဌာန)၊ ဒေါက်တာချာလီသန်း (စက်မှုဝန်ကြီးဌာန)၊ ဦးမြင့်ကြိုင် (လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန)၊ ဦးမြင့်နောင် (အလုပ်သမားဝန်ကြီးဌာန)၊ ဦးအောင်နိုင်ဦး (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာညွန့်ဖေ (ပညာရေးဝန်ကြီးဌာန)၊ ဒေါက်တာမျိုးသိန်းကျော် (သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)၊ ဒေါက်တာသက်ခိုင်ဝင်း (ကျန်းမာရေးဝန်ကြီးဌာန)၊ ဦးမင်းသိန်းဇံ (အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန)၊ ဦးမျိုးသန့် (ဆောက်လုပ်ရေးန်ကြီးဌာန)၊ ဒေါက်တာစိုးဝင်း (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဒေါက်တာသက်သက်ခိုင် (ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)၊ Jeng Phang နော်တောင် (တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန)၊ ဦးဇော်သန်းဝင်း (အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး) တို့ကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ပါတယ်။
စစ်ကောင်စီက သြဂုတ် ၂ ရက်နေ့က တာဝန်က အနားပေးခဲ့တဲ့သူတွေရဲ့နေရာမှာ ဦးသာဌေး (ပြည်ထောင်စုတရားသူကြီးချုပ်)၊ ဦးအောင်ဇော်သိန်း (နိုင်ငံတော်ဖွဲ့စည်းပုံခုံရုံးဥက္ကဋ္ဌ)၊ ဒေါက်တာခင်နိုင်ဦး (ပြည်ထောင်စုစာရင်းချုပ်)၊ ဦးအောင်သော် (ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ)၊ ဦးစစ်အေး (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ)၊ ဦးပေါ်လွင်စိန် (မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ) နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေရာမှာ ဦးသန်းထွန်းဦးတို့ကို အစားထိုးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဖွဲ့စည်းပုံ ၄၁၉ အရ ဦးခင်လတ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး)၊ ဦးဗိုလ်ဗိုလ်ကျော် (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးဖြိုးဇော်မိုး (ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)၊ ဒေါက်တာထိန်လင်းဦးကို (ဥပဒေရေးရာဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ဒုတိယတရားသူကြီးချုပ်) အဖြစ် အသီးသီးခန့်အပ်ခဲ့ပါတယ်။