Home
မြန်မာသတင်း
မိုခါမုန်တိုင်းဒဏ်သင့် တင်းမရွာမှ နေအိမ်များ ပြုပြင်ခွင့်မရသေး
DVB
·
August 3, 2023
Tin Ma village MOCHA destory Homes

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ်စွဲနေထိုင်နေတဲ့  တင်းမကျေးရွာက မုန်တိုင်းသင့်ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်တွေကို လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်ခွင့် မရသေးဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် တင်းမကျေးရွာအတွင်း နှစ် ရာကျော်သက်တမ်းရှိ ဘာသာရေးအဆာက်အအုံနဲ့ လူနေအိမ်အမြောက်အမြား ပျက်စီးဆုံးရှုံးခဲတာပါ။

အပျက်အစီးတွေ ပြန်ပြုပြင်ခွင့်ရဖို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူတွေထံ အသီသီး တင်ပြတောင်းဆိုထားခဲ့ပေမဲ့ လက်ရှိအချိန်ထိ တစုံတရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ တင်းမကျေးရွာသားတဦးက ဆိုပါတယ်။

“ရရင် ရတယ်၊ မရရင် မရဘူး ဆိုတာမျိုးလည်း မရှိပါဘူး။ ဘာမှ အကြောင်းပြန်မလာသေးဘူး။”

ပျက်စီးနေတဲ့ နေအိမ်၊ အဆောက်အဦတွေကို ခုလို မိုးတွင်းကာလမှာ မပြုပြင်ဘဲထားပါက ပိုမိုအပျက်အစီးများလာမှာကို စိုးရိမ်ပြီး တာဝန်ရှိသူတွေအနေနဲ့ တောင်းဆိုမှုကို အလေးထားပေးစေချင်တယ်လို့လည်း ကျေးရွာသားတွေက ဆိုပါတယ်။

တင်းမကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစလို့ ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ကြရတာဖြစ်ပြီး လက်ရှိ ကျေးရွာအတွင်း စစ်ကောင်စီတပ်က တပ်စွဲထားတာတွေရယ်ကြောင့် နေရပ်ပြန်ခွင့်မရသေးဘဲ ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာပဲ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024