Home
နိုင်ငံတကာ
ကနေဒါဝန်ကြီးချုပ် ထရူးဒိုးနှင့် ဇနီးဖြစ်သူတို့ ကွာရှင်းပြတ်စဲ
DVB
·
August 3, 2023
Canada PM and wife_03082023

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးနဲ့ သူ့ဇနီး ဆိုဖီတို့ဟာ ၁၈ နှစ်ကြာမြင့်တဲ့ အိမ်ထောင်ရေး ပြီးဆုံးသွားပြီး လမ်းခွဲလိုက်ကြောင်း သြဂုတ် ၂ ရက်မှာ မမျှော်လင့်ဘဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် ထရူးဒိုးနဲ့ ဇနီး အသက် ၄၈ နှစ်အရွယ် ဆိုဖီ ဂရေဂွါးထရူဒိုးတို့ဟာ ၂၀၀၅ မေလနှောင်းပိုင်းမှာ လက်ထပ်ခဲ့ကြတာပါ။ သူတို့မှာ ကလေး ၃ ယောက်ရှိပါတယ်။

သူတို့နှစ်ဦးဟာ ကွာရှင်းပြတ်စဲဖို့ တရားဝင် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ထရူးဒိုးဟာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ ဝန်ကြီးချုပ် ဖြစ်လာပြီးတဲ့နောက် သူနဲ့ ဆိုဖီတို့ကို လူမှုရေးလုပ်ငန်းတွေမှာသာမက နိုင်ငံခြားခရီးတွေမှာပါ အတူတကွ မြင်တွေ့ခဲ့ရတာပါ။

ဒါပေမဲ့ မကြာသေးမီနှစ်တွေအတွင်း ဆိုဖီဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ လူရှေ့ထွက်တဲ့ အပြုအမူတွေကို လျှော့ချခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ချားလ်စ်ဘုရင် နန်းတက်ပွဲအတွက် မေလမှာ လန်ဒန်မြို့ကို အတူသွားခဲ့ကြပြီး မတ်လနှောင်းပိုင်းမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လာရောက်လည်ပတ်ချိန်မှာလည်း အတူရှိခဲ့ကြပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024