ဂျပန်နိုင်ငံတောင်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ခါနန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ ဆက်လက်တိုက်ခတ်လာပြီး သြဂုတ် ၃ ရက် မနက်ပိုင်းအထိ အိုကီနာဝါမှာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း NHK ရုပ်သံက ကြေညာပါတယ်။
မီးသတ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီအရ အိုကီနာဝါနဲ့ ကာဂိုရှီးမား စီရင်စုမှာ စုစုပေါင်း လူ ၄၁ ဦး ဒဏ်ရာရခဲ့ပြီး ဒီနေ့ မနက်ပိုင်းက အိမ်ထောင်စု ၁၆၆,၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
ခရီးသွားတွေလာရောက်လေ့ရှိတဲ့ မြို့ရဲ့ အဓိကဝင်ထွက်ပေါက်ဖြစ်တဲ့ နာဟာလေဆိပ်ကို မုန်တိုင်းကြောင့် ၂ ရက်ကြာ ပိတ်ထားပြီးနောက် ဒီနေ့ ပြန်ဖွင့်ပေးခဲ့ပေမဲ့ လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းထားဆဲ ဖြစ်ပါတယ်။
အရှေ့တရုတ်ပင်လယ်ရှိ မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဦးတည်နေပြီး သြဂုတ် ၈ ရက်အထိ အရှေ့ဘက်ကို ရွေ့လျားမယ့် လမ်းကြောင်းပြောင်းမယ်လို့ ခန့်မှန်းထားကြောင်း NHK သတင်းဌာနက ထုတ်လွှင့်ပါတယ်။
Source - Reuters