တိုက်စစ်မှူး အူစမန် ဒမ်ဘီလီ အနေနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ ရှိတယ်လို့ ဘာစီလိုနာနည်းပြ ဇာဗီက ပြောဆိုလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို ဘာစီလိုနာက အေစီမီလန်ကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်တဲ့ ရာသီအကြို အမေရိကန်ခြေစမ်းပွဲမှာ ထုတ်မသုံးဘဲ အရန်ထိုင်ခုံပေါ်မှာပဲ ထိုင်ခိုင်းထားခဲ့ပါတယ်။
အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ကစားသမားကိုယ်တိုင် ပြုလုပ်တာဖြစ်တယ်လို့ နည်းပြ ဇာဗီက ဆိုပါတယ်။
ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီဟာ ၂၀၁၇ မှာ ဘာစီလိုနာကို ရောက်ရှိလာပြီး အသင်းအတွက် ပွဲပေါင်း ၁၈၅ ပွဲမှာ ဂိုးပေါင်း ၄၀ သွင်းပေးထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီကမှ ဘာစီလိုနာအသင်းနဲ့ ၂ နှစ်စာချုပ် သက်တမ်းတိုးထားတာ ဖြစ်ပါတယ်။