အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ခါနန်ဟာ သြဂုတ် ၂ ရက်က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုကီနာဝါစီရင်စုကို ဖြတ်သန်းတိုက်ခတ်ချိန်မှာ လူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
မုန်တိုင်းကြောင့် စီးပွားရေးကြော်ငြာဆိုင်းဘုတ် ဘေလ်ဘုတ်တွေ စုတ်ပြဲလွင့်ထွက်ပြီး မော်တော်ကားတွေလည်း ဘီးတွေကျွတ်ထွက်သွားအောင် လေပြင်းက တိုက်ခတ်ခဲ့ပါတယ်။
ရာသီဥတု ဆိုးရွားမှုကြောင့် အိုကီနာဝါမြို့တော်ရှိ နာဟာလေဆိပ်မှာ လေယာဉ်ခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့ရပါတယ်။
အိမ်ထောင်စုပေါင်း ၂၁၀,၀၀၀ လောက်ဟာ ဂျပန်စံတော်ချိန် မွန်းလွဲ ၁ နာရီအထိ ဓာတ်အားပြတ်တောက်မှု ကြုံတွေ့နေရကြောင်း ဒေသန္တရ အိုကီနာဝါ လျှပ်စစ်ဝန်ကြီးက ပြောကြားကြောင်း သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အိုကီနာဝါရှိ တချို့နေရာတွေမှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လေပြင်းတွေ တနာရီကို ၁၂၄ မိုင် နီးပါး တိုက်ခတ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရေချိန် ၂၅၀ မီလီမီတာကျော် ရွာသွန်းခဲ့ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီကနေ သိရပါတယ်။
Source - Reuters