အီတလီရဲခွေး အယ်လီယိုဟာ ဖလောရင့်စ်မြို့တော်ရဲ့ စကန်းဒစ်ချီရပ်ကွက်ရှိ ဗီလာကော့စ်တန်ဇာ ဘတ်စ်ကားဂိတ်မှာ ငွေသားမှောင်ခိုကူးမယ့် ယူရိုငွေ ၁ သန်းကျော်ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံရဲ့ ဘဏ္ဍာရေးရဲတပ်ဖွဲ့ ဂွါဒီယာ ဒီဖိုင်နန်ဇာက သြဂုတ် ၁ ရက်မှာ ကြေညာပါတယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်က ဂွါဒီယာ ဒီ ဖိုင်နန်ဇာအဖွဲ့ကို ကူညီပေးနေတဲ့ ငွေသားရှာဖွေရေး ကျွမ်းကျင်သူ လာဘရေဒေါ ခွေးကြီးဟာ ပုံမှန်ဘတ်စ်ကားစစ်ဆေးမှုတခုအတွင်း ခရီးဆောင်အိတ် ၂ လုံးထဲက ယူရိုငွေသား ၁ သန်းကျော်ကို ရှာဖွေတွေ့ရှိအောင် ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရဲခွေး အယ်လီယိုဟာ ကတားနီယာမြို့ကနေ အာအို့စ်တာမြို့ကို သွားတဲ့ ဘတ်စ်ကားပေါ်မှာ အီတလီမှာနေထိုင်တဲ့ တရုတ်ခရီးသည်တဦးရဲ့ ခရီးဆောင်အိတ်ကို အာရုံခံမိခဲ့ပြီး ယူရိုငွေ ၁၀ တန်၊ ၂၀ တန်၊ ၅၀ တန်တွေ ပါဝင်တဲ့ စုစုပေါင်း ငွေသား ၁ သန်း ၇ သောင်း ၅ ထောင် ၆ ရာ ပမာဏကို ဖမ်းဆီးရမိခဲ့တာပါ။
သိသိသာသာ ထိတ်လန့်တုန်လှုပ်နေတဲ့ တရုတ်အမျိုးသားဟာ ငွေကြေးရဲ့ဇာစ်မြစ်နဲ့ ပတ်သက်ပြီး ကျေနပ်လောက်တဲ့ ရှင်းပြချက်ကို မပေးနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
Source - Reuters