Home
မြန်မာသတင်း
ဖားကန့်ရှိ ကြံ့ခိုင်ရေးပါတီရုံး  မီးလောင်
DVB
·
August 1, 2023
364042258_302201615610079_4901069007228974105_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ကြိုးတံတားအနီးမှာရှိတဲ့ မြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ဇူလိုင် ၃၀ ရက် ညပိုင်းက မီးလောင်ခဲ့လို့ ရုံးအဆောက်အအုံနဲ့ ရုံးပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မရှီကထောင်ရပ်ကွက်နေသူ တဦးက  " ရုံးမှာက လူ မနေတာကြာပြီ။  ည ၉ နာရီလောက်က မီးလောင်တယ်။ ရှို့မီးဖြစ်ဖို့ ရာခိုင်နူန်း ပိုများတယ်။ ရုံးတစ်လုံးတည်း လောင်တာဆိုတော့ လူမရှိတဲ့ ရုံးက ပေါ့ဆမီးတော့ မဟုတ်နိုင်ဘူး။ အထဲက ပစ္စည်းတွေလည်း အကုန်ဆုံးရှုံးသွားတယ်” လို့ ပြောပါတယ်။

လူစောင့်မရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးဟာ မီးရှို့ခံရတာ ဖြစ်နိုင်ကြောင်းနဲ့ ညဘက်ဖြစ်တဲ့အတွက် အနီးဝန်းကျင် နေအိမ်တွေ မီးကူးစက် လောင်ကျွမ်းမှု မရှိအောင် မီးသတ်တပ်ဖွဲ့က မီးငြှိမ်း သတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒေသခံ အမျိုးသား တဦးက "ရုံးက လူ မနေတာကြာပြီ။  ည ၉ နာရီလောက်ကြီး လောင်တာ။  ရှို့မီးလို့ ယူဆတယ်။ ဘယ်သူမှလည်း  အင်တိုက်အားတိုက်လာပြီး မီးငြှိမ်းသတ်တာ မရှိဘူး။ လူနည်းနည်းပဲ ရှိတယ်။ မီးသတ်ကပဲ ဘေးပတ်ဝန်းကျင် မီးမကူးအောင်  အဓိက ငြှိမ်းသတ်ရတာ" လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီရုံး  မီးလောင်ပြီးနောက် စစ်တပ်က ဖားကန့် မြို့တွင်း လုံခြုံရေး တင်းကျပ်ထားပါတယ်။ ဇွန် ၁၃ ရက်ကလည်း ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို  ရွှေ ၁၀ သား နဲ့ ငွေကျပ် သိန်း ၃၀၀နဲ့  အမည်မသိ အဖွဲ့က ပြန်ပေးဆွဲ သွားပါတယ်။

 PHOTO CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024