ဘရာဇီးကွင်းလယ်ကစားသမား ဖာဘင်ဟိုဟာ ဆော်ဒီလိဂ်ချန်ပီယံ အယ်လ်အတ်တီဟတ် အသင်းကို လီဗာပူးအသင်းကနေ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဆော်ဒီကလပ်အသင်းက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဖာဘင်ဘိုရဲ့ အပြောင်းအရွှေ့ဈေးနှုန်းကို ထုတ်ဖော်ပြောဆိုတာမျိုး မရှိပေမဲ့ ဗြိတိသျှမီဒီယာတွေကတော့ ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့သွားတာလို့ ရေးသားနေကြပါတယ်။
အယ်လ်အတ်တီဟတ် အသင်းဟာ လူမှုကွန်ရက်ပေါ်မှာ “ကျားတွေ ဖြတ်သန်းခွင့် ပါမစ်” ရရှိသွားခဲ့ပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံပို့စ်တခုကို တင်ခဲ့ပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီအပြောင်းအရွှေ့ဟာ ဖာဘင်ဟို မွေးမြူထားတဲ့ ခွေးတွေရဲ့ ဆော်ဒီနိုင်ငံကို ဝင်ရောက်ခွင့် တားမြစ်ချက်တွေကြောင့် ကြာမြင့်ကောင်း ကြာမြင့်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဖာဘင်ဟိုဟာ ဘလွန်းဒီအောဆုရှင် ဘန်ဇီမာနဲ့ ချဲလ်ဆီးကစားသမားဟောင်း အန်ဂိုလို ကန်တီတို့နဲ့အတူ ဂျတ်ဒတ်အခြေစိုက် ကလပ်အသင်းမှာ ကစားခွင့်ရရှိလာမှာလည်း ဖြစ်ပါတယ်။
Source - Reuters