ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်မှာ ဇူလိုင် ၂၉ ရက်က ကုန်လှောင်ရုံတခုအတွင်း မီးရှူးမီးပန်းတွေ ပေါက်ကွဲခဲ့လို့ လူကိုးယောက် ထက်မနည်း သေဆုံးပြီး တခြားလူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မလေးရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နရာသီဝပ်ပြည်နယ်တောင်ပိုင်း ဆူငိုင်ကိုလွတ် ခရိုင် မူနိုဈေးမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲပြီး မီးငြိမ်းသွားခဲ့တယ်လို့ နရာသီဝပ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာနန် ဖှုန်အက်ဆောင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လူ ၁၁၅ ဦး ဒဏ်ရာရလို့ ဆေးရုံပို့ခဲ့ရပြီး ၁၀၆ ဦး နေအိမ်ကို ပြန်ရောက်လာပြီလို့ ဆာနန်က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဂိုဒေါင်အနီးတဝိုက်က နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူ ၃၆၅ ဦး ထိခိုက်ခဲ့တယ်၊ မိသားစု ၂၀ - ၃၀ လောက် ခိုလှုံရေးစခန်းမှာ နေနေရတယ်လို့ ဆာနန်က ပြောပါတယ်။
မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က အကြောင်းရင်းကို သေသေချာချာ ထပ်စုံစမ်းသွားမယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
Source - Reuters