ကနေဒါနိုင်ငံက တောမီးလောင်ကျွမ်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိတော့လို့ အိုဆိုယုစ်မြို့ငယ်လေးနဲ့ အနီးဝန်းကျင်ခရိုင်တွေမှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့အတွက် အမိန့်ထုတ်ပြန်လိုက်ပါတယ်။
လုံးပိုင်းချောင်းငယ်တဝိုက်မှာ လောင်ကျွမ်းနေတဲ့ ဒီတောမီးဟာ အမေရိကန်ပြည်နယ် ဝါရှင်တန်အထိ နယ်စပ်ဖြတ်ကျော်ကာ ကူးစက်နေပြီ ဖြစ်ပါတယ်။
အိုဆိုယုစ်မြို့ကနေ ၂ ဒသမ ၄ မိုင် အကွာမှာ တောမီးလောင်ကျွမ်းနေတာလို့ ဗြိတိသျှကိုလံဘီယာ ပြည်နယ်ရဲ့ တောမီးဌာနအရ သိရပါတယ်။
ဒီလို နှစ်နိုင်ငံအကြား နယ်စပ်ရဲ့ ကနေဒါ ဘက်ခြမ်းမှာ တောမီးလောင်ကျွမ်းမှုက ဟက်တာပေါင်း ၂၀၀ သာ ကျယ်ဝန်းပေမယ့် အမေရိကန်ဘက်ခြမ်းမှာတော့ ဟက်တာပေါင်း ၂၀၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့စနေနေ့ည နှောင်းပိုင်းတုန်းက အိုဆိုယုစ်မြို့ အပါအဝင် ဒေသဆိုင်ရာ ခရိုင်တခုဖြစ်တဲ့ အိုကီနာဂန်-ဆမေး(လ်)ကမင်းတို့မှာ လူတွေရဲ့အသက်နဲ့ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
Source-Reuters