အက်စတန်ဗီလာအသင်းကို ရှုံးထွက်ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဆုဖလားရယူပေးသွားမယ်လို့ နည်းပြအူနိုင်းအမ်မရီက ပြောသွားပါတယ်။
ဗီလာအသင်းဟာ မနှစ်ကရာသီမှာ အဆင့် ၇ နေရာ မှာရပ်တည်နိုင်ခဲ့တာကြောင့် ယူအီးအက်ဖ်အေ ကွန်းဖရင့်လိဂ်ဝင်ပြိုင်ကစားခွင့်ရပါတယ်။
လာမယ့်ရာသီသစ်အတွက် ကစားသမားကောင်းတွေကို ခေါ်ယူအားဖြည့်ထားပြီး ဗီလာရီးယဲလ်က ပါအူလ် တောရက်စ်၊ လီဗာကူဆင်က ဒီယာဘီ၊ လက်စတာက တီလေမန်းစ် တို့လည်းပါဝင်ပါတယ်။
နည်းပြ အမ်မရီကတော့ အက်ဖ်အေဖလားနဲ့ ကရာဘောင်းဖလားတို့လိုရှုံး ထွက်ပြိုင်ပွဲတွေမှာ ချန်ပီယံ ဆုဖလားရယူဖို့ ပစ်မှတ်ထားရမှာဖြစ်ပြီး ကွန်းဖရင့်လိဂ်မှာလည်း အလားတူကြိုးပမ်းရမှာဖြစ်ကြောင်း ပြောပါတယ်။
စပိန်နည်းပြ အူနိုင်းအမ်မရီဟာ ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ရူံးထွက်ပြိုင်ပွဲတွေမှာ ချန်ပီယံသုံးကြိမ်အထိရယူပေးခဲ့သူဖြစ်ပြီး ရှုံးထွက်ဖလားတွေမှာ ချန်ပီယံဆုဖလားရယူနိုင်တဲ့ အစဉ်အလာကောင်းတွေရှိခဲ့သူဖြစ်ပါတယ်။
ဗီလာဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်းကတည်းက ဆုဖလားတွေနဲ့ ဝေးကွာနေတာ ၁၇ နှစ် ကြာခဲ့ပြီဖြစ်ပါတယ်။