အင်တာမီလန်အသင်းဟာ ပြိုင်ဘက်အေစီမီလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အီတလီစီးရီးအေ ချန်ပီယဆု ရရှိသွားပါတယ်။
ဧပြီ ၂၃ ရက်မနက်က ယှဉ်ပြိုင်သွားတဲ့ စီးရီးအေပွဲစဉ်မှာ အင်တာမီလန်က အာဆာဘီ၊ သူယမ် တို့ရဲ့ ဂိုးတွေနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဖြစ် သွားတာပါ။
ပွဲပြီးခါနီးမှာ အေစီမီလန်က ကစားသမား ၂ ဦးထုတ်ပယ်ခံရသလို အင်တာမီလန်ကလည်း တဦးထုတ်ပယ်ခံခဲ့ရပါသေးတယ်။
နိုင်ပွဲရခဲ့တဲ့အင်တာမီလန်အသင်းဟာ လက်ကျန်ပွဲစဉ် ၅ ပွဲ အလိုမှာ ဒုတိယနေရာက အေစီမီလန်ကို ၁၇ မှတ်အထိ ဖြတ်နိုင်ခဲ့တာကြောင့် ချန်ပီယံဆုရဖို့ သေချာသွားခဲ့တာ ပါ။
၂၀၂၀-၂၀၂၁ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး သမိုင်းတလျှောက် အကြိမ် ၂၀ မြောက် စီးရီးအေစကူဒက်တိုချန်ပီယံဆုဖလားရ ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters