စပါးအသင်းဟာ တိုက်စစ်မှူးဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သက်ပြီး ဘိုင်ယန်မြူးနစ် အသင်းနဲ့ ပြန်လည်ဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဂျာမန်ထိပ်သီးဘိုင်ယန်အသင်းဟာ စပါးတိုက်စစ်မှူးကိန်းကို ခေါ်ယူဖို့ နံပါတ်တစ်ပစ်မှတ်အဖြစ် လုပ်ဆောင်နေပြီး ပေါင်သန်း ၇၀ လောက်အထိ ဈေးပေးထားတာပါ။
စပါးအသင်းဟာ လာမယ့် တနင်္လာနေ့မှာ ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိသူတွေနဲ့ တရားဝင်ဆွေးနွေးမှု ပြန်လည်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဟယ်ရီကိန်းဟာ စပါးနဲ့ တစ်နှစ်စာချုပ်သာ ကျန်ရှိတော့ပြီး စပါးအသင်းကရောင်းချဖို့ရှိပါတယ်။
ဒါပေမဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း၁၀၀ လောက် အလိုရှိ နေပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ဆုံးကမ်းလှမ်းတာက ပေါင်သန်း ၇၀ ကနေ ၈၀ ကြားပဲရှိပါတယ်။
ကိန်းကိုရောင်းချဖြစ်မယ်ဆိုရင် ဘိုင်ယန်မြူးနစ်လူငယ်တိုက်စစ်မှူး မက်သီတဲလ်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။