Home
မြန်မာသတင်း
ပုလဲတွင် MRDA တပ်နှင့်တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး
DVB
·
July 29, 2023
363344047_296551432873401_7155851906291106467_n

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တပ်ဖွဲ့တို့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါး တပ်တော် (MRDA) တာဝန်ရှိသူ ကိုနဂါးဆီကနေ သိရပါတယ်။

“တိုက်ပွဲက ကျနော်တို့ ပင်မတပ်ရင်းနဲ့ ခရိုင်တပ်ရင်း ၆ နဲ့ ပေါင်းတိုက်ခဲ့တာဗျ။ အကုန်လုံးက MRDA အဖွဲ့တွေချည်းပဲဗျ။ အလစ်အငိုက် ဝင်တိုက်ခဲ့လို့ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်ဗျ။ နောက်ပြီး တိုက်ပွဲဖြစ်ပြီး စကစ ဘက်က M9 တလုံးရတယ်။ ၄၀ မမ ကျည်နဲ့ ဆက်စပ်ပစ္စည်းတွေလည်း ရတယ်ဗျ။ ဒဏ်ရာရ ရဲဘော်တွေကျန်ခဲ့တဲ့ ကျောပိုးအိတ်တွေ၊ ဆေးနဲ့ဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရခဲ့တယ်” လို့ မြန်မာတော်ဝင်နဂါးတပ်တော် MRDA ရဲ့ တာဝန်ရှိသူ ကိုနဂါးက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ MRDA အဖွဲ့ဘက်က ရဲဘော်တယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်းရဘူး လို့လည်း သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းကတော့ MRDA အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားပြီး အင်မထီး‌ ပျူကျေးရွာကို ဝင်ရောက်သွားပြီးဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024