ဆီးရီးယားနိုင်ငံရဲ့ အိဒ်လစ်ဘ် ကျေးလက်ဒေသမှာ ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်က တောမီးလောင်ကျွမ်းနေတဲ့ ဗီဒီယိုမှတ်တမ်းတခုကို "အဖြူရောင် ခေါင်းဆောင်းဝတ်" အရေးပေါ် တုံ့ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီလအတွင်း ဆီးရီးယားနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးရပ်စ် အထိ မြင့်တက် ခဲ့တဲ့အပြင် ညပိုင်းအချိန်အတွင်း "အဖြူရောင် ခေါင်းဆောင်းဝတ်" အဖွဲ့တွေက တောမီး လောင်တာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုနဲ့ အပူချိန်မြင့်မားလာမှုစတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေက ဆီရီးယားနိုင်ငံမှာပါ ထိခိုက်မှုရှိနေပြီ ဖြစ်ပါတယ်။
ဒီလို ရာသီဥတုဖောက်ပြန်မှုကြောင့် မကြာသေးမီနှစ်တွေအတွင်း ဆီးရီးယားနိုင်ငံရဲ့ ဂျုံစိုက်ခင်းတွေဟာ ၇၅ ရာခိုင် နှုန်းအထိ ပမာဏလျော့ကျလာခဲ့ပါတယ်။
ဆီရီးယားပြည်တွင်းစစ် မတိုင်ခင်တုန်းက နှစ်စဉ်ဂျုံတန်ချိန်ပေါင်း ၄ သန်း၀န်းကျင် အထိ ထွက်ရှိ ခဲ့တယ်လို့ သိရပါတယ်။
Source-Reuters