Home
နိုင်ငံတကာ
ရုရှားသိမ်းပိုက်ထားသည့် ရွာ ၁ ရွာကို ယူကရိန်း ပြန်သိမ်းယူ
DVB
·
July 28, 2023
Ukraine soldiers_28072023
Ukraine soldiers_28072023

ယူကရိန်းနိုင်ငံ ဒွန်ညက်ခ်ဒေသမှာ အရှေ့တောင်ပိုင်း ကျေးရွာတခုဖြစ်တဲ့ စတာရိုမိုင်ယော့စ်ကို ရုရှားလက်ထဲကနေ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီလို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ဗွီဒီယိုထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၂၇ ရက်မှာ ထုတ်ဖော်ပြသခဲ့တဲ့ ဗွီဒီယိုရဲ့ တည်နေရာနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းမှာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စတင်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့တဲ့ ရုရှားစခန်းငယ်တွေရဲ့ တောင်ပိုင်းမှာ စတာရိုမိုင်ယော့စ်ကျေးရွာ တည်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ယူကရိန်းနိုင်ငံရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေမှာတော့ ရုရှားတပ်ဖွဲ့တွေက ဆက်လက်နေရာယူထားဆဲပဲ ဖြစ်ပါတယ်။

မဟာဗျူဟာအရ အရေးပါတဲ့ ယူကရိန်းတောင်ပိုင်းမှာ ရုရှားတပ်ဖွဲ့တွေက ကျယ်ပြန့်လှတဲ့ ကတုတ်ကျင်းတွေနဲ့အတူ အခိုင်အမာ နေရာယူထားတယ်လို့လည်း သိရပါတယ်။

ဒီလို ကတုတ်ကျင်းတွေ ဖြန့်ကျက်ထားတဲ့ ကွန်ရက်တခု အပါအဝင် မိုင်းကွင်းတွေ၊ တင့်ကား ဖျက်ဆီးရေး မြောင်းတွေ၊ “နဂါးရဲ့ သွားများ” လို့ အမည်ပေးထားတဲ့ ခံစစ်မျဉ်းတွေနဲ့ပါ ရုရှားဘက်က ပြင်ဆင်ထားခဲ့တာပါ။

ဒါကြောင့် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ မျှော်မှန်းထားတာထက် တိုးတက်မှု နှေးကွေးနေတယ်လို့ ဇလန်းစကီးကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။

အသေးစိတ် အချက်အလက်တွေ ဖော်ပြခဲ့ခြင်း မရှိပေမဲ့လည်း ရှေ့တန်းစစ်မျက်နှာအတွင်း “အလွန်ကောင်းမွန်တဲ့ရလဒ်တွေ” ထွက်ပေါ်ခဲ့တယ်လို့ ဇလန်းစကီးက အမွှမ်းတင်ခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024