စူပါတိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းမှာ လေပြင်းတိုက်ခတ်၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကမ်းပါးတွေ ပြိုကျခဲ့လို့ ထိခိုက်သေဆုံးသူရှိခဲ့ပြီး ယာဉ်တွေ၊ လယ်ယာသုံးစက်တွေနဲ့ လူနေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။
နိုင်ငံမြောက်ပိုင်း ဘန်းဂက်ပြည်နယ်မှာ မြေပြိုနေတဲ့ အခိုက်အတန့်အတွင်း လူနှစ်ဦးက ရွှံ့နဲ့ ကျောက်နံရံတွေ အနားကို ပြေးလွှားသွားခဲ့တာကို ရုပ်သံဗီဒီယိုဖိုင်တခုမှာ မြင်တွေ့ရပါတယ်။
မုန်တိုင်းကြောင့် နေအိမ်တွေ ထောင်နဲ့ချီ လျှပ်စစ်မီး ပြတ်တောက်ပြီးတဲ့နောက် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဟာ ကယ်ဆယ်ရေးနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို ဇူလိုင် ၂၆ ရက်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။
ဒေါ့ဆူရီမုန်တိုင်းကြောင့် အပူပိုင်းသစ်တောတွေထဲက ကျေးရွာတွေ အပါအဝင် ကမ်းရိုးတန်း ဒေသကို တိုက်ခတ်ခဲ့ပြီး လူတယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
မုန်တိုင်းဟာ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးဆီကို ဆက်ရွေ့နေလို့ အားကောင်းနေမယ်လို့ မျှော်လင့်ရပါတယ်။
တရုတ်နိုင်ငံရဲ့ မိုးလေဝသဌာနက မုန်တိုင်းသတိပေးချက်ကို ဒုတိယအမြင့်ဆုံးအဆင့်ထိ မြှင့်တင်ထားပြီး ကုန်ထုတ်လုပ်မှု အချက်အချာကျတဲ့ ကွမ်တုံပြည်နယ်ရဲ့ ဆယ်နှစ်အတွင်း အဆိုးရွားဆုံးမုန်တိုင်းအဖြစ် သတိပေးထားပါတယ်။
Source - Reuters