ထိုင်ဝမ်အစိုးရဟာ နိုင်ငံရဲ့ အဓိကကျတဲ့ ထောင်းယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဇူလိုင် ၂၆ ရက်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
ရဟတ်ယာဉ် ၆ စင်းနဲ့ တပ်ဖွဲ့ဝင် ၁၈၀ ဝန်းကျင်လောက် ပါဝင်လေ့ကျင့်ခဲ့ပြီး လေဆိပ်မှာရှိတဲ့ လေကြောင်းထိန်းချုပ်ရေးဌာနတွေကို သိမ်းပိုက်ထားတဲ့ ရန်သူတပ်ဖွဲ့ဝင်တွေကို ပြန်လည်တိုက်ခိုက်တဲ့ ပုံစံတူ လေ့ကျင့်ခဲ့ကြပါတယ်။
ဒါ့အပြင် လေယာဉ်ဆင်းသက်မရအောင် ဟန့်တားရေး လေ့ကျင့်တာ၊ လေထီးတပ်သားတွေနဲ့ ရဟတ်ယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်တာကို ခုခံကာကွယ်ဖို့ ခံစစ်နည်းဗျူဟာတွေကိုလည်း လေ့ကျင့်ခဲ့ကြပါတယ်။
ဒါဟာ နှစ်စဉ် ပြုလုပ်နေကျ “ဟန်ခွမ်း” စစ်ရေး လေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ကမ္ဘာတဝန်း ချိတ်ဆက်ထားတဲ့ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး လေကြောင်းဆက်သွယ်မှုဖြစ်တဲ့ ထောင်းယွမ် အပြည်ပြည်ဆိုင်ရာလေဆိပ်ပါ စစ်ရေးလေ့ကျင့်မှုမှာ ပထမဆုံးအကြိမ် ပါဝင်တာ ဖြစ်ပါတယ်။
Source - Reuters