“ဒေါ့ဆူရီ” (Doksuri) လို့ အမည်ပေးထားတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ ဖိလစ်ပိုင် အလယ်ပိုင်းက တောင်ပေါ်မြို့ ဘက်ဂီယိုရှိလမ်းတွေမှာ အပျက်အစီးတွေ ပြန့်ကျဲနေပါတယ်။
မုန်တိုင်းက သယ်ဆောင်လာတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ချောင်းတွေ ရေလျှံကာ ဓာတ်အားလိုင်းတွေ ပျက်စီးခဲ့ပြီး ဖိလစ်ပိုင်တဝန်း လူထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
ဘက်ဂီယိုမြို့တည်ရှိရာ နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံး လူဇွန်ကျွန်းရဲ့ နေရာအတော်များများမှာ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပြီး မုန်တိုင်းဒီရေလှိုင်းတွေ၊ မြေပြိုမှုတွေနဲ့ အခြေခံအဆောက်အဦတွေ ပျက်စီးမှုတွေ ရှိနိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။
တနာရီ ၁၀၈ မိုင်နှုန်းရှိတဲ့ လေတိုက်နှုန်းနဲ့ တိုက်ခတ်တဲ့ မုန်တိုင်းမလာခင်မှာ ကမ်းရိုးတန်းရှိ ဒေသခံတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မုန်တိုင်းလမ်းကြောင်းဟာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကို ဆက်ပြီးဦးတည်နေတာကြောင့် မုန်တိုင်းက အားကောင်းနေမယ်လို့ မျှော်လင့်ရပါတယ်။
အင်္ဂါနေ့က စူပါတိုင်ဖွန်းအဖြစ် သတ်မှတ်ခံရတဲ့ ဒေါ့ဆူရီ မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာတော့ အနည်းငယ် အားပျော့သွားခဲ့ပါတယ်။
မုန်တိုင်းဟာ ထိုင်ဝမ်ကိုဖြတ်ပြီး ဇူလိုင် ၂၈ ရက်မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ မျှော်လင့်ရကြောင်း ဖိလစ်ပိုင် မိုးလေဝသဗျူရိုက ပြောကြားခဲ့ပါတယ်။
Source - Reuters