စပိန်ရေကြောင်းကယ်ဆယ်ရေးဌာနဟာ ဆာဟာရဒေသခွဲကလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၄ ဦးကို တင်ဆောင်လာတဲ့ လှေတစင်းကို ဂရန်းန်ကနေးရီးယားကျွန်းအနီးမှာ ကယ်ဆယ်ခဲ့ပြီး သူတို့ထဲက ၁ ဦးဟာ သေဆုံးသွားခဲ့ကြောင်း ဇူလိုင် ၂၅ ရက်က ပြောကြားခဲ့ပါတယ်။
အမျိုးသမီး ၁ ဦး အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၈ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း စပိန်ရေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အနောက်အာဖရိကကမ်းလွန် အတ္တလန္တိတ်ရှိ ကနေရီကျွန်းတွေဟာ စပိန်နိုင်ငံကို ရောက်ရှိဖို့ ကြိုးစားနေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အဓိကနေရာ ဖြစ်လာခဲ့ပြီး ပိုပြီး အရေအတွက်နည်းနည်းနဲ့ မြေထဲပင်လယ်ကို ဖြတ်ကူးပြီး စပိန်ပြည်မကြီးကိုရောက်ဖို့ ကြိုးပမ်းနေကြတာပါ။
ဆာဟာရ အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူတွေ ဥရောပကို ရောက်ရှိဖို့ ကြိုးစားနေကြတဲ့ အတ္တလန္တိတ် ရွှေ့ပြောင်းသွားလာမှု လမ်းကြောင်းဟာ ကမ္ဘာပေါ်မှာ အသေအပျောက်အများဆုံး လမ်းကြောင်းတွေထဲက တခုဖြစ်ပြီး အထူးသဖြင့် ပိုမိုသာယာတဲ့ ရာသီဥတုအခြေအနေကြောင့် နွေရာသီမှာ အသွားများကြတာ ဖြစ်ပါတယ်။
Source - Reuters