ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင် ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပခဲ့တဲ့ “Arsec-Asia Inline Speed Skating Challenge 2023” ပြိုင်ပွဲမှာ မြန်မာစကိတ်အဖွဲ့က ရွှေတံဆိပ်ဆု ၂ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ခု ဆွတ်ခူးခဲ့ပါတယ်။
ပြိုင်ပွဲကို အာရှအမြန်စကိတ်စီးနည်းပညာအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၆ နိုင်ငံကို ဖိတ်ကြားခဲ့ပြီး ယှဥ်ပြိုင်စေခဲ့ပါတယ်။
မြန်မာစကိတ်သမား အောင်ကျော်ဇင်ဟာ မီတာ ၅၀၀၀ စကိတ်စီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတခုနဲ့ မီတာ ၁၀၀၀ စကိတ်စီးပြိုင်ပွဲမှာ ငွေတံဆိပ်ဆုတခု ဆွတ်ခူးခဲ့ပါတယ်။
နောက်ထပ်စကိတ်သမားတဦးဖြစ်တဲ့ ခင်လှိုင် (တွံတေးစကိတ်ကလပ်) က မီတာ ၁၀၀၀ အပြေးစကိတ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုတခုနဲ့ မီတာ ၅၀၀ စကိတ်စီးပြိုင်ပွဲမှာ ငွေတံဆိပ်ဆုတခုတို့ကို ဆွတ်ခူးခဲ့ပါတယ်။
ပြိုင်ပွဲမှာ အိမ်ရှင် ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ မြန်မာတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။