Home
မြန်မာသတင်း
မန္တလေးတွင် ဆေးဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်နှင့် ငွေ သိန်း ၃၀၀ ကျော် ဆုံးရှုံး
DVB
·
July 25, 2023
AmaraPura Police
Rubbered 1
AmaraPura

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်း၊ ၂၄ လမ်းနဲ့ ၂၅ ကြားရှိ ဂျီဝမ်းဆေးဆိုင်ကို လက်နက်ကိုင်လူတစုက သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းတွေနဲ့ ငွေကျပ် သိန်း ၃၀၀ ကျော်ကို ယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင် ၂၄ ရက် ည ၈ နာရီကျော်လောက်မှာ လူလတ်ပိုင်း အမျိုးသား ၅ ဦးက ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာကာ သေနတ်ပြ ခြိမ်းခြောက်ပြီး ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

၆၂ လမ်းမှာနေထိုင်သူ အမျိုးသမီးတဦးက “ဆိုင်က မပိတ်သေးဘူး၊ ပိတ်ခါနီးပေါ့။ ဆိုင်ကယ် နှစ်စီးနဲ့ အမျိုးသားငါးဦး ဈေးဝယ်မယ့်ပုံစံနဲ့ ရောက်လာတာ၊ ဆေးဆိုင်က အိမ်ဆိုင်ပုံစံမျိုး အခန်းကန့်ထားတာ၊ ဆိုင်ထဲမှာ ဈေးရောင်းနေတဲ့သူကို အရင် သေနတ်နဲ့ထောက်ထားပြီး အိမ်ထဲဝင်လာကြတာ။ အိမ်တံခါးတွေကို ပိတ်ခိုင်းပြီး သေနတ်တွေနဲ့ ထောက်ထားတာပေါ့။ ရှိသမျှ ရွှေနဲ့ငွေ အားလုံးကို ယူဆောင်သွားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့ပြီး မိသားစုတွေ ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကိုလည်း ချွတ်ယူသွားသလို မီးခံသေတ္တာအတွင်းက ငွေကျပ် သိန်း ၃၀၀ ကိုလည်း ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ဓားပြတိုက်ခံရပြီး နယ်မြေခံရဲစခန်းကို ဆက်သွယ်အကြောင်းကြားကာ တရားခံတွေကို ဖမ်းဆီးအယူနိုင်ဖို့ တိုင်ကြားထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ညတွင်းချင်း ရောက်ရှိလာကာ စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလ ၁၄ ရက်ကလည်း အမရပူရမြို့နယ်ထဲက မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ရွှေထည်ပစ္စည်း ကျပ်သိန်း ၁,၄၀၀ ကျော် ဆုံးရှုံးခဲ့ပြီး တရားခံတွေကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။

Photo Cj

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024