အော်စကာဆုရ သရုပ်ဆောင် ဂျေမီ ဖောက်စ် (Jamie Foxx) ဟာ သူရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပက်သက်ပြီး ဇူလိုင် ၂၂ ရက်က "ငရဲကနေပြန်ရောက်လာခဲ့တယ်" လို့ အင်စတာဂရမ်ပေါ်မှာ ပြောသွားပါတယ်။
ဘာမှန်းမသိရသေးတဲ့ နာမကျန်းမှုကြောင့် ဖောက်စ် အနေနဲ့ မကြာသေးမီကမှ ဆေးရုံ တက်ခဲ့ရတာဖြစ်ပြီး ဒါဟာ သူရဲ့ ပထမဆုံးသော ထုတ်ပြန် ချက်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဖောက်စ်ဟာ ရောဂါအသစ်တခုကြောင့် ဆေးရုံတင်ထားရတာ ဖြစ်တယ်လို့ မိသားစုဘက်က အတည်ပြုပါတယ်။
အင်စတာဂရမ် လူမှုကွန်ရက်ပေါ်က ဗီဒီယိုထုတ်ပြန်ချက်ထဲမှာတော့ ဖောက်စ် က သူ့ရဲ့ပရိသတ် တွေကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး "ငါ့ရဲ့ ဆေးပိုက်တွေနဲ့ ပြည့်နှက်နေတဲ့ ပုံစံမျိုးကို မမြင်စေချင်ပါဘူး၊ ဘယ်လို ကျော်ဖြတ်နေရလဲ ဆိုတာကို အဖြေရှာဖို့ ကြိုးစားနေတာမျိုးလည်း မဖြစ်စေချင်ပါ ဘူး" လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ဒီနာမည်ကြီးသရုပ်ဆောင်ဟာ သူရဲ့ရောဂါအကြောင်း အသေးစိတ်ထုတ်ဖော် ပြောဆို သွားတာမျိုးတော့ မရှိပါဘူး။
Source-Reuters