Home
မြန်မာသတင်း
နေပြည်တော်တွင် ဓားခုတ်မှုဖြစ်၊ မြိတ်တွင် နေ့ခင်းဘက် ဓားပြတိုက်
DVB
·
July 23, 2023
362646651_246669354885726_8016659759562360278_n

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ ဓားခုတ်မှုဖြစ်လို့ လူတယောက်သေဆုံးပြီး မြိတ်မြို့၊ ဇေယျာသီရီရပ်ကွက်မှာလည်း နေ့လယ်ပိုင်းမှာ အိမ်တလုံးကို ဓားပြတိုက်သွားခဲ့ပါတယ်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေပေးကျေးရွာမှာ ဇူလိုင် ၂၃ ရက်နေ့က ဦးခင်မောင်လွင်ဟာ သူ့အိမ်ထဲမှာရှိနေတုန်း အမျိုးသားတယောက်ရောက်လာပြီး ဓားနဲ့ခုတ်တာကြောင့် ညာဘက်ပါးမှာ ဒဏ်ရာရခဲ့ပါတယ်။

ဦးခင်မောင်လွင်ကလည်း ဓားကိုလုပြီး ပြန်ခုတ်ခဲ့တာကြောင့် ဓားနဲ့လာခုတ်သူ ဦးဝင်းကိုမှာ ဂုတ်ပိုးပြတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။

သေဆုံးသူ ဦးဝင်းကိုဟာ အသက် ၄၅ ဝန်းကျင်ရှိပြီး ရွှေပေးကျေးရွာမှာ နေထိုင်သူဖြစ်ပါတယ်။

ဒေသခံတယောက်က “ရန်ညှိုးမရှိဘဲ လာခုတ်တာလို့ပြောတယ်။ အိမ်ရှင်ကလည်း အရင်ထဲက ဇ ရှိသူဆိုတော့ ဓားကိုလုပြီး ပြန်ခုတ်လိုက်တာ” လို့ ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ နှစ်ယောက်လုံးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပရဟိတအသင်းက ပို့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြိတ်မြို့နယ်၊ ဇေယျာသီရီရပ်ကွက်မှာတော့ ဇူလိုင် ၂၁ ရက် နေ့လယ်ပိုင်းက ရွက်စိမ်း ၃ လမ်းမှာရှိတဲ့ အိမ်တလုံးကို လူ ၂ ယောက်ဝင်လာပြီး အိမ်ရှင်ကိုဓားနဲ့ထောက် လုယူခဲ့တာပါ။

ရပ်ကွက်နေပြည်သူတယောက်က "အိမ်ရှင်ကို ဓားထောက်ပြီး ရွှေတွေယူသွားတယ်။ ရွှေ ၃ ကျပ်သားလောက်‌ တော့ ပါသွားတယ်ကြားတယ်။ အိမ်ရှင်ကိုတော့ မေ့သွားအောင် ရိုက်ထားခဲ့တယ်တဲ့။ အဲလောက်ပဲသိရတယ်” လို့ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ ညပိုင်းကလည်း မြိတ်မြို့ရေကန်ဘောင်မှာ ချစ်သူစုံတွဲ တတွဲကို အမည်မသိလူ ၂ ယောက်က ငွေညှစ်ခြိမ်းခြောက်ခဲ့ပြီး စုံတွဲက အမျိုးသားကို ဓားနဲ့ထိုးသတ် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024