အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရေတပ်ရဲ့ဦးဆောင်နေရာမှာ အမျိုးသမီးဗိုလ်ချုပ်ကြီးဖြစ်သူ လီဆာ ဖရန်ချက်တီ (Lisa Franchetti) ကို ဇူလိုင် ၂၁ ရက်က အမည်စာရင်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ အမေရိကန်စစ်တပ်မှာ လိင်ခွဲခြားမှုဆိုင်ရာ အတားအဆီးကို ချိုးဖျက်ပစ်နိုင်မယ့် သမိုင်းဝင် ခြေလှမ်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဖရန်ချက်တီဟာ ရေတပ်အပေါ် ကြီးကြပ်ကွပ်ကဲနိုင်မယ့် ပထမဆုံးသော အမျိုးသမီး စစ်ဦးစီးချုပ် ဖြစ်လာဖို့ရှိနေပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်ရေတပ်ရဲ့ ဒုတိယစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဖရန်ချက်တီ ဟာ ဒီထိပ်တန်းရာထူးအတွက် အရွေးချယ်ခံရမယ့်သူတွေထဲက တယောက်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်ရေတပ်မှာ ဖရန်ချက်တီ က အုပ်ချုပ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတာကြောင့် အများလေးစားခံရသူ ဖြစ်သလို အတွေ့အကြုံများစွာရှိသူလည်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး သမ္မတကို အကြံပြုရတဲ့ ယူနီဖောင်းဝတ် ထိပ်တန်း စစ်တပ်အရာရှိ ၈ ယောက်ထဲမှာ ဖရန်ချက်စကိုက ပါဝင်လာမှာ ဖြစ်တဲ့အပြင် ဒါကို ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့အဖြစ် သိထားကြပါတယ်။
Source-Reuters