ရုရှနိုင်ငံမြို့တော် မော်စကိုအနောက်ပိုင်းက စျေးဝယ်စင်တာတခုမှာ ရေနွေးပိုက်တခု ပေါက်ကွဲ ပြီးတဲ့နောက် ဇူလိုင် ၂၂ ရက်က လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ်လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
မြို့တော်ဝန် ဆာဂေးလ် ဆိုဗျာနင်က ဒဏ်ရာရသူတချို့က မီးလောင်ဒဏ်ရာတွေရခဲ့ပြီး အရေးပေါ်ဌာနတွေက အခင်းဖြစ်ပွားရာနေရာမှာ ကူညီဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရ အဆောက်အအုံတခုလုံး ရေလျှံပြီး တံခါးဝမှာရေနွေးငွေ့တွေ စီးထွက်နေတာကို တွေ့ရပါတယ်။
The Seasons လို့ အဓိပ္ပာယ်ရပြီး ဗရေမီနာ ဂိုဒါလို့ လူသိများတဲ့ ကုန်တိုက်ကို ၂၀၀၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီးစတိုးဆိုင်ပေါင်း ၁၅၀ ကျော်ရှိပါတယ်။
ထိခိုက်ဒဏ်ရာရသူ အားလုံးကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့ ဆိုဗျာနင်က ပြောခဲ့ပါတယ်။
Source-Reuters