မက္ကဆီကိုအာဏာပိုင်တွေဟာ ဇူလိုင် ၂၀ ရက်က မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ လယ်ထွန် စက်နောက်တွဲတခုထဲ အတူလိုက်ပါလာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၄၈ ဦးကို တွေ့ရှိခဲ့ကြောင်း ရွှေ့ပြောင်းနေထိုင်သူများ အမျိုးသားသိပ္ပံ (INM) က ဖော်ပြပါတယ်။
တောင်ပိုင်း ဗီရာခရုဇ် ပြည်နယ် ကော်ဒိုဘာ မြို့နဲ့နီးတဲ့ လမ်းတလမ်းပေါ်မှာ ရပ်ထားတဲ့ နောက်တွဲပါ ထွန်စက်ရဲ့ နောက်ဘက်မှာ အုပ်စုဖွဲ့ပြီး စုပြုံနေသူတွေကို ရွှေ့ပြောင်းနေထိုင်ရေး တာဝန်ရှိသူတွေက တွေ့ရှိခဲ့ပါတယ်။
ထရပ်ကားအတွင်းမှာတွေ့ရှိရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအများစုဟာ အဖော်မပါတဲ့ ကလေးတွေ နဲ့ ဆယ်ကျော်သက် ၂၃ ယောက် အပါအဝင် ဗဟိုအမေရိကမှ ဖြစ်ကြပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို မိသားစုဖွံ့ဖြိုးတိုးတက်မှုအတွက် ပေါင်းစည်းရေးဆိုင်ရာ အမျိုးသား စနစ် အောက်မှာ ထိန်းသိမ်းထားပါတယ်။
အချိတ်အဆက်ရှိတဲ့ သံသယရှိသူတွေကိုတော့ ဖမ်းမမိသေးပါဘူး။ INM ရဲ့ အဆိုအရ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗီရာခရုဇ်မှာ ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
Source-Reuters