Home
မြန်မာသတင်း
အမ်း-တပ်တောင် ကားလမ်းဘေးရှိ အဆောက်အအုံအားလုံးကို စစ်ကောင်စီဖယ်ခိုင်း
DVB
·
July 22, 2023
362298844_187038197685415_8753383528941628084_n

ရခိုင်ပြည်နယ်၊ အမ်း-တပ်တောင် ကားလမ်းမကြီးဘေးမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ လူနေအိမ်နဲ့ ဈေးဆိုင်ခန်းတွေအားလုံး ဖယ်ရှားပေးဖို့ မြို့နယ်လမ်းဦးစီးဌာနကနေ အသိပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၉ ရက်စွဲနဲ့ အမ်းမြို့နယ် လမ်းဦးစီး ဦးသက်ဖြိုးအောင် လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့ အကြောင်းကြားစာမှာ လမ်းနယ်နိမိတ် ၇၅ ပေထဲမှာရှိတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စားသောက်ကုန်ဆိုင်ခန်းတွေ၊ လူနေအိမ်တွေနဲ့ သောက်သုံး ရေကန်တွေအားလုံး အကြောင်းကြားစာပို့ပြီး နောက်တရက်မှာ အပြီး ဖယ်ရှားပေးရမယ် လို့ ဆိုပါတယ်။

မွန်လကျေးရွာ နယ်ခံတယောက်က "ဒီနေ့ အထိတော့ လူအင်အားအများကြီးနဲ့ မြေလာတိုင်းတာတွေတော့ရှိတယ်။ ဘာဆက်လုပ်မလဲတော့ မသိဘူး။ ကျမတို့ကတော့ ဖယ်မပေးဘူး။ ဖယ်ပေးရအောင် သူတို့ဘက်ကဘာမှလုပ်ပေးမယ်ဆိုတာမျိုးလည်း မပြောဘူး။ ကျမ‌တို့နေထိုင်လာတာ ဘိုးဘွားလက်ထက်ကတည်းက။ ရွာကိုဖြတ် လမ်းဖောက်ပြီးမှ အခုဖယ်ခိုင်းနေတာ” လို့ ဒီဗွီဘီကိုပြောပါတယ် 

လမ်းဥပဒေကို ၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အခုဖယ်ရှားပေးရမဲ့ အမ်း-တပ်တောင် လမ်းမကြီး ဘေးတဖက်ခြမ်းစီမှာရှိတဲ့ စိန်ပိုက်၊ ငါးရုပ်တောင်၊ စခန်းမော်၊ ဂယ်လောင်း၊ လုံးရွာ၊ မွန်လှ၊ နွန်ကြော်၊ တောင်ချောက်တိုက်မော်နဲ့ တပ်တောင်မြို့တို့က ရပ်ကွက်ကြီး ၃ ခု၊ ဘုန်းကြီး‌ကျောင်း ၁၁ ကျောင်းထက်မနည်းနဲ့ အခြေခံပညာစာသင်ကျောင်းတွေ အပါအဝင် အ‌ဆောက်အအုံ ၂၇၀ ကျော် ဖယ်ရှားပေးရမယ်လို့  သိရပါတယ်။

ဒေသခံတယောက်က "လမ်းချဲ့ဖို့လားလို့ မေးတော့လည်း မဟုတ်ဘူးလို့ ပြောတယ်။ ဘာအတွက်ဖယ်ပေးရတာလဲ မေးတော့လည်း မပြောဘူး။ အခုလမ်းနဲ့ မလွတ်လို့ နောက်ဆုတ်ပေးရမှာလား ဆိုတော့လည်း အပြီးဖယ်ပေးရမှာတဲ့။ နစ်နာမှုအတွက် မြေနေရာအစားလည်း ပေးမှာမဟုတ်ဘူးလို့ ပြောတယ်။ သူတို့ အင်အားနဲ့ လာဖျက်တဲ့နေ့ကိုပဲ စောင့်နေတာ။ ကျမတို့ကတော့ ဖယ်မပေးဘူးလို့" ဒီဗွီဘီကို ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024