အီတလီနိုင်ငံ စစ္စလီတောင်ဘက် ကမ်းလွန်ရှိ သင်္ဘောတွေအကြားကို လွှဲပြောင်းပေးခဲ့တဲ့ စံချိန်တင် ကိုကင်း ၅ ဒသမ ၃ တန် ပါ ဆွဲသင်္ဘောတစင်းကို အီတလီအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။
ဒီ သယ်ယူပို့ဆောင်ရေးမှာ ခန့်မှန်းတန်ဖိုး ယူရို သန်း ၈၅၀ ရှိပြီး လူ ၅ ဦး ကို ဖမ်းဆီးထားကြောင်း ဂွာဒီယာ ဒီဖှန်ဇာ အဖွဲ့မှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သင်္ဘောကုန်းပတ်ပေါ်ကနေ စစ္စလီရေလက်ကြားက ရေထဲကိုပစ်ချထားတဲ့ အထုပ်အပိုးတွေကို ကင်းထောက်လေယာဉ်တစင်းက သတိထားမိပြီး ဒါတွေကိုကောက်ယူဖို့စောင့်ဆိုင်းနေတဲ့ တခြားငါးဖမ်းသင်္ဘောတစင်းကိုလည်း တွေ့ရှိခဲ့ပြီးနောက်မှာ ရဲတပ်ဖွဲ့က တောင်အမေရိကမှ ရွက်လွှင့်လာတဲ့ သင်္ဘောကို ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ခြေရာခံမိပြီး တရှိန်ထိုးလိုက်ခဲ့တာပါ။
သူတို့ဟာ ငါးဖမ်းသင်္ဘောကို ရပ်တန့်ခိုင်းလိုက်ပြီး သင်္ဘောပေါ်ရှိ အကာအရံလုပ်ထားတာတွေရဲ့ အနောက်ဘက်မှာ ဖွက်ထားတဲ့ မူးယစ်ဆေးဝါး အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့တာပါ။
တူနီးရှားနိုင်ငံသား ၂ ဦး၊ အီတလီ ၁ ဦး၊ အယ်လ်ဘေးနီးယန်း ၁ ဦးနဲ့ ပြင်သစ်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
Source-Reuters