မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကင်းကျေးရွာ တောင်ပေါ်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဇူလိုင် ၂၂ ရက်၊ ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ပစ်ကြတာ မကြာပါဘူး။ ၁၀ မိနစ်လောက်ပဲ။ လက်နက်ကြီး ၈ ချက်၊ လက်နက်ငယ်တွေရော ကြားတယ်။ အစကဗျောက်ဖောက်တယ်ထင်နေတာ၊၊ တောင်ပေါ်ကျောင်းမှာ မီးခိုးလုံးတွေပါ တက်လာတယ်"လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးကုတ်မြို့၊ ကင်းကျေးရွာတောင်ပေါ်ကျောင်းမှာ စစ်ကောင်စီတပ်စစ်သားတွေတပ်စွဲထားတာ ၃ လ ဝန်းကျင်ရှိပြီဖြစ်ပြီး သူတို့ကိုဘယ်အဖွဲ့က လာပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူး လို့ဒေသခံတွေကပြောပါတယ်။
ကင်းကျေးရွာကစစ်သားတွေ ပစ်ခတ်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကိုမသိရသေးသလို ကင်းရွာထဲမှာလည်း ပုံမှန်အခြေနေအတိုင်းပဲရှိနေတယ်လို့သိရပါတယ်။
မိုးကုတ်မြို့နဲ့မြို့အနီးတဝိုက်ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေတပ်ဆင်ထားတဲ့အပြင် တပ်စွဲထားကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။