ဗြိတိန်နိုင်ငံရဲ့ ကွန်ဆာဗေးတစ်ပါတီဟာ လစ်လပ်သွားတဲ့ ၀န်ကြီးချုပ်ဟောင်း ဘော်ရစ်ဂျွန်ဆင်ရဲ့ ပါလီမန်အမတ်နေရာကို ဇူလိုင် ၂၁ ရက်မှာ ဆက်လက်ရယူနိုင်ခဲ့ပါတယ်။
လန်ဒန်မြို့ အနောက်ဘက်စွန်းရှိ ဒီမဲဆန္ဒနယ်မြေမှာ ကွန်ဆာဗေးတစ်ပါတီရဲ့ ကိုယ်စားလှယ်လောင်း စတိဗ် တက်ခ်ဝဲလ် က ဆန္ဒမဲ ၄၉၅ မဲနဲ့အတူ အများဆုံးရရှိပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိသွားတာပါ။
ဒါပေမယ့်လည်း အင်္ဂလန်အနောက်တောင်ပိုင်းရှိ ဆမ်မာတန် နဲ့ ဖရုန်း မဲဆန္ဒနယ်မြေရဲ့ ပါလီမန်အမတ်နေရာမှာတော့ ကွန်ဆာဗေးတစ်ပါတီအနေနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
အဲဒီနေရာမှာ အလယ်အလတ်လမ်းစဉ်ဝါဒီ လစ်ဘရယ်ဒီမိုကရက်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဆယ်ရာ ဒိုက်ခ် က ဆန္ဒမဲပေါင်း ၁၁,၀၀၈ မဲနဲ့အတူ အနိုင်ရရှိသွားတာပါ။
ဒါဟာ ၂၀၁၉ ခုနှစ်တုန်းက မဲအများဆုံးရရှိခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ အနိုင်ရလဒ်ကို ဆယ်ရာ ဒိုက်ခ်အနေနဲ့ ပြန်လည်ချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂျွန်ဆင်ရဲ့ မဟာမိတ်တယောက်ဟာ စည်းလုံးညီညွတ်မှုကိုပြသတဲ့အနေနဲ့ ပါလီမန်အမတ် နေရာက နှုတ်ထွတ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ ဆယ်လ်ဘီ နဲ့ အိန်စတီ (Selby and Ainsty) မဲဆန္ဒနယ်မြေမှာ လေဘာပါတီက ဆန္ဒမဲပေါင်း ၄၀၀၀ နဲ့အတူ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
Source-Reuters