Home
မြန်မာသတင်း
တရက်တည်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်  အယောက် ၅၀ သေဆုံး
DVB
·
July 22, 2023
181525-US-dollars-730x365
181525-US-dollars-730x365
181525-US-dollars-730x365

ဇူလိုင် ၂၀ နေ့ တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၅၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူအရေအတွက်ကတော့ ၁၆ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲစခန်းကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြသလို မြောင်မြို့နယ်မှာ လည်း စစ်ကောင်စီရဲစခန်းကို PDF တို့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒေသခံတွေကို လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို ရွှေကူကာကွယ်ရေးတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြပြီး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေသလို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မှာလည်း စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀၀၀၀ လောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024