အီတလီနိုင်ငံတဝန်း အပူချိန်တွေ မြင့်တက်လာပြီးနောက် ဇူလိုင် ၁၉ ရက်က နိုင်ငံမြောက်ပိုင်း လွမ်ဘာဒီဒေသမှာ မိုးကြိုးမုန်တိုင်း ကျရောက်ပြီး မိုးသီးတွေလည်း ကြွေကျခဲ့ပါတယ်။
ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုမှာ မန်တိုဗာမြို့မှာ စံချိန်တင်အပူရှိန်ကြောင့် မိုးသီးမုန်တိုင်း တိုက်ခတ်ခဲ့ပြီး ညကောင်းကင်မှာ လျှပ်စီးလက်နေတဲ့ မိုးသီးတွေ သည်းထန်စွာ ရွာသွန်းနေတာကို တွေ့ရပါတယ်။
အီတလီနိုင်ငံရဲ့ နွေရာသီ ခရီးသွားရာသီမှာ ပြင်းထန်တဲ့ အပူလှိုင်းတွေ ရိုက်ခတ်လာတာကြောင့် ဗုဒ္ဓဟူးနေ့က မြို့ ၂၃ မြို့မှာ အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အပူချိန်မြင့်မားမှုဟာ မှတ်တမ်းတင်ထားတဲ့ စံချိန်တွေကို ချိုးဖျက်ပြီး သေဆုံးမှုအန္တရာယ် တိုးလာတာနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။
Source - Reuters