Home
နိုင်ငံတကာ
တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုကို အစ္စရေးအရန်တပ်သားများ ကန့်ကွက်
DVB
·
July 20, 2023
Israel protest

အစ္စရေး အရန်တပ်သား ရာပေါင်းများစွာဟာ ဇူလိုင် ၁၉ ရက်က စစ်မှုထမ်းတာကို စွန့်လွှတ်ခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ကန့်ကွက်ဖို့ ကတိပြုခဲ့ပါတယ်။

နေတန်ယာဟုရဲ့ အမျိုးသားရေးဝါဒီ- ဘာသာရေးညွန့်ပေါင်းအဖွဲ့က တရားစီရင်ရေးစနစ်ကို ပြောင်းလဲဖို့ တရားရုံးချုပ် အာဏာတချို့ကို ကန့်သတ်ဖို့ တွန်းအားပေးမှုကြောင့် ဆန္ဒပြပွဲတွေ မကြုံစဘူး ဖြစ်ပွားခဲ့တာပါ။

စီးပွားရေးထိခိုက်ခဲ့ပြီး အနောက်မဟာမိတ်တွေကြားမှာ အစ္စရေးရဲ့ ဒီမိုကရေစီကို စိုးရိမ်ပူပန်ပြီး လှုံ့ဆော်ခဲ့ပါတယ်။

ဆန္ဒပြပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ ဆင့်ခေါ်မိန့်ကို ဂရုမစိုက်ဖို့ အရန်တပ်ဖွဲ့ဝင်တချို့က ခြိမ်းခြောက်ခဲ့ပါတယ်။

စစ်အတွင်း အရန်တပ်တွေ စုဆောင်းပြီး ပုံမှန်လေ့ကျင့်မှု လိုအပ်တဲ့ နိုင်ငံမှာ စစ်မှုထမ်းတွေက ထော်လော်ကန့်လန့် လုပ်ရာရောက်လို့ ဒီကိစ္စဟာ ဝန်းရံဖို့လိုတဲ့ ကာလရှည်ပြဿနာ ဖြစ်လာပါတယ်။

တရားစီရင်ရေးဆိုင်ရာ အပြောင်းအလဲတွေကို ထောက်ခံသူတွေက တရားရုံးချုပ်ဟာ ကြားဝင်စွက်ဖက်လွန်းပြီး အပြောင်းအလဲက ထိရောက်တဲ့ အုပ်ချုပ်ရေးကို လွယ်ကူချောမွေ့စေလိမ့်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024