ဘရာဇီးနိုင်ငံ အနောက်ပိုင်း မာတိုဂရော့ဇိုပြည်နယ်မှာ တရားမဝင်သုံးတဲ့ ပိုးသတ်ဆေးကြောင့် ပျားကောင်ရေ သန်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
လွန်ခဲ့တဲ့တလက ပျားသန်းပေါင်းများစွာ သေဆုံးမှုကို မာတိုဂရော့ဇို စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကာကွယ်ရေးတက္ကသိုလ်က စုံစမ်းစစ်ဆေးပြီးနောက် ပျားသတ်ဆေး ဖီလ်ပရိုနေးလ်ရဲ့ လက်ရာ ခြေရာတွေကို ပျားအုံ ၆၀၀ ထက်မနည်းမှာ တွေ့ခဲ့တာပါ။
ဖီလ်ပရိုနေးလ်ကို ဘရာဇီးနိုင်ငံအတွင်း သီးနှံတွေမှာသုံးဖို့ ခွင့်ပြုထားပေမဲ့ ပျားတွေအပေါ် အဆိပ်သင့်မှုကြောင့် လေထဲမှာ ဖျန်းပက်သုံးစွဲတာကို တားမြစ်ထားပါတယ်။
ပြည်နယ်အတွင်း မြို့အသီးသီးမှာ ပျားအုံအဆိပ်သင့်စေခဲ့တဲ့ လယ်ပိုင်ရှင်တွေကို ဒဏ်ငွေ ၂၂၅,၀၀၀ ရီယာ့စ် (အမေရိကန်ဒေါ်လာ ၄၇,၀၀၀ ကျော်) ချမှတ်ခဲ့ပါတယ်။
Source - Reuters