Home
မြန်မာသတင်း
ဖားကန့်တွင် အမျိုးသားတဦး ငွေ၊ ကျောက်စိမ်းနှင့်ဆိုင်ကယ် ဓားပြတိုက်ခံရ
DVB
·
July 19, 2023
Phar Kant

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတဦးထံက ငွေ၊ ကျောက်စိမ်းနဲ့ ဆိုင်ကယ်ကို အမည်မသိ လူ ၅ ဦးက ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်းတောင် ယူမာလမ်းမကြီးမှာရှိတဲ့ Sky Bar အနီးမှာ ဇူလိုင် ၁၇ ရက် ညနေက ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတဦးကို မျက်နှာဖုံးတပ်ဆင်ထားတဲ့ လူငါးဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး ပစ္စည်းတွေ ဓားပြတိုက်သွားတာလို့ ဓားပြတိုက်ခံရသူနဲ့ နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

“ညနေ ၄ နာရီလောက် ဖြစ်တာ။ ကျောက်ဝိုင်းကအပြန် လမ်းမှာ ဓားပြတိုက်ခံရတာ။ SKY Bar နားမှာ လူကလည်း ပြတ်တယ်။ မျက်နှာမှာ Mask တပ်၊ ဦးထုပ်ဆောင်းထားတဲ့ လူ ၅ ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်နဲ့ချိန်တယ်။ ဓားနဲ့ထောက်ပြီး ပါတဲ့ပစ္စည်းတွေလည်း အကုန်ယူသွားတယ်။” 

သေနတ်ပြ ဓားထောက် ခြိမ်းခြောက်ပြီး ငွေကျပ်သိန်းသုံးနဲ့ ကျောက်စိမ်းတွေအပြင် စီးနင်းလာတဲ့ ဆိုင်ကယ်ကိုပါ အမည်မသိ မျက်နှာဖုံးတပ်ဆင်ထားသူ ၅ ဦးက ဓားပြတိုက် လုယူသွားတာပါ။

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၂၈ ရက် ညကလည်း ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်သူ တရုတ်အမျိုးသား လောပန်းတဦးအိမ်မှာ တန်ဖိုးကြီး ကျောက်စိမ်းနှစ်တုံး၊ ရွှေချောင်း၊ ငွေသားတွေ အပါအဝင် တန်ဖိုးကြီးကားနှစ်စီးကို အမျိုးသား ၆ ဦးက ဓားပြတိုက် လုယက်ခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့အလောင်း စွန့်ပစ်မှု၊ အနုကြမ်းစီး ဓားပြတိုက်မှု၊ လုယက် သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖမ်းဆီးအရေးယူနိုင်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024