တူရကီနိုင်ငံတောင်ပိုင်း ဒီယာဘာကီယာ မြို့တော်ရှိ ကလေးတွေဟာ နိုင်ငံတဝန်း စံချိန်တင် အပူရှိန်ကြောင့် ဇူလိုင် ၁၇ ရက်က အများပြည်သူ ပန်းခြံတွေရှိ လူလုပ်ရေကန်တွေထဲမှာ အအေးခံခဲ့ကြပါတယ်။
နေ့လယ်ခင်းမှာ မြို့ရဲ့အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်နဲ့ စိုထိုင်းဆ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ ရိုက်တာသတင်းထဲမှာတော့ ကလေးတွေဟာ သတိပေးဆိုင်းဘုတ်တွေ ရှိတဲ့ကြားကပဲ ရေကန်ထဲ ခုန်ဆင်းခဲ့ကြကြောင်း ဖော်ပြထားပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက တနင်္လာနေ့ ပြောကြားခဲ့တာမှာ မြေထဲပင်လယ်ကို ထိခိုက်စေတဲ့ အပူလှိုင်းဟာ သီတင်းပတ်အလယ်မှာ ပိုမိုအားကောင်းလာမယ်လို့ ခန့်မှန်းရပြီး တချို့နေရာတွေမှာ သြဂုတ်လအထိ ဆက်လက်ဖြစ်ပွားဖွယ်ရှိမယ်လို့ ဆိုပါတယ်။
ရာသီအလိုက် အပူချိန်ထက် ၁၀ ဒီဂရီအထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် တူရကီအာဏာပိုင်တွေဟာ တောင်ပိုင်းမြို့တွေအတွက် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
Source - Reuters