ရုရှားပစိဖိတ်ရေတပ်သင်္ဘော ၄ စင်းဟာ ဂျပန်ပင်လယ်ရှိ တရုတ်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ အခုလနှောင်းပိုင်းမှာ ဗလာဒီဗော့စ်တော့ခ် ဆိပ်ကမ်းကနေ ထွက်ခွာခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။
“မြောက်ပိုင်း/အပြန်အလှန်-၂၀၂၃” လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာ ရုရှားအုပ်စုမှာ ရေငုပ်သင်္ဘောဖျက် စစ်သင်္ဘောကြီး ၂ စင်းနဲ့ ဘက်စုံသုံး ကော်ဗက် စစ်သင်္ဘောငယ် ၂ စင်းတို့ ပါဝင်ပါတယ်။
ရေပြင်သင်္ဘော ၅ စင်း ပါရှိတဲ့ တရုတ်ရေတပ်စုအဖွဲ့ဟာ ဇူလိုင် ၁၆ ရက်မှာ လေ့ကျင့်ရေးဧရိယာကို ရွက်လွှင့်ခဲ့ပါတယ်။
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ “မဟာဗျူဟာမြောက် ရေလမ်းများ လုံခြုံရေးကို ကာကွယ်ဖို့” ရည်ရွယ်ကြောင်း ဆိုထားပါတယ်။
လာတော့မယ့် ရေတပ်စစ်ရေးလေ့ကျင့်မှုဟာ ယူကရိန်းပဋိပက္ခ ဖြစ်ပွားချိန်ကတည်းက တရုတ်နဲ့ ရုရှားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တဲ့ အထိမ်းအမှတ်ဖြစ်ပြီး ပေကျင်းဟာ အမေရိကန်ရဲ့ နှစ်နိုင်ငံကြား စစ်ရေးအရ ဆက်သွယ်မှုတွေ ပြန်စတင်ဖို့ တောင်းဆိုမှုကို ဆက်လက်ငြင်းဆိုထားချိန်မှာ ခုလို ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်မှာဖြစ်ပါတယ်။
Source - Reuters